Wednesday, December 26, 2012

IOS 6 မှ 5.1.1 သို့ ဆင်းနည်း

iOS 6 မထွက်သေးမီ အချိန်က Developer များအတွက် ကြိုတင် ထုတ်ပေးထားတဲ့ iOS 6 (Beta 1) ကနေ iOS 5.1.1 သို့  ပြန်ဆင်းနည်းကို ဤနေရာတွင်ရေးပေးခဲ့ဖူးပါတယ်။

ယခု အမှန်တစ်ကယ် iOS 6 ထွက်လာတဲ့ အခါမှာတော့ အဲဒီနည်းနဲ့  iOS 5.1.1 ကို Downgrade ပြန်ဆင်းလို့  မရတော့ပါဘူး။ iOS 6 ကို Update လုပ်မိလို့  အကြီးအကျယ် စိတ်ပျက်နေသူများ အတွက် အမှန်အကန် iOS 5.1.1 ကို Downgrade ဆင်းနိုင်မယ့် နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်...

**အထူးသတိပြုရန်**

ယခုဖော်ပြမည့် နည်းလမ်းကို iPhone 3GS, iPhone 4, iPodTouch 4G တို့ မှာသာ ပြုလုပ်နိုင်မည်ဖြစ်ပြီး ယင်း iDevice များသည်လည်း iOS 5.1.1 တုန်းကလည်း JAILBREAK လုပ်ထားခဲ့ဖူး မှာသာ အောင်မြင်စွာ Downgrade ဆင်းနိုင်ပါလိမ့်မည်။ (သို့ မဟုတ်) iOS 5.1.1 SHSH blobs ကို Save ထားပြီးသားရှိမှသာ အလုပ်လုပ်ပါလိမ့်မည်။

DOWNLOADS

>> Redsn0w 0.9.15 Beta2

>> iOS 5.1.1 IPSW

လုပ်ငန်းစဉ်

အဆင့် ၁)
iDevice ကို PC နှင့် ချိက်ဆက်ပြီး DFU mode သို့ ပြောင်းပါ...
DFU Mode ပြောင်းရန်
၁. iDevice ကို computer နဲ့ ချိပ်ဆက်ပါ။
၂. iDevice ကို Power OFF ပါ။
၃. Power + Home button ကို တွဲလျှက် ၁၀စက္ကန့်  နှိပ်ထားပါ။
၎. Power button ကို လွှတ်လိုက်ပါ Home button ကိုတော့ PC မှ အချက်ပေးသံ ထွက်လာသည်အထိ ဆက်လက်ဖိထားပါ ( ၁၀စက္ကန့် မျှ)။ Black screen သာပေါ်နေပါမည်။
၅. အချိန်အနည်းငယ် အကြာမှာ iTunes က Device ကို Detect သိပါလိမ့်မည်။ (iTunes ကို ပိတ်ပစ်နိုင်ပါသည်)

အဆင့် ၂)
၁. Redsn0w ကို Run ပြီး Extras -> Even more -> Restore သို့  သွားပါ။
၂. IPSW ကို နှိပ်ပြီး အပေါ်တွင် Download ယူခဲ့သော သက်ဆိုင်ရာ iDevice ၏ IPSW file ကိုရွေးပေးလိုက်ပါ။
၃. "Prevent baseband update ?" ကို "NO" ရွေးပေးပါ။ (Firmware အလိုလျှောက် ဆောက်နေပါပြီ)
၎. ယခုအခါတွင် SHSH blobs အတွက် "Local" နှင့် "Remote" ရွေးစရာပေါ်လာပါပြီ...
- သင့်မှာ iOS 5.1.1 ကို SHSH blobs Save ထားခဲ့ပြီးသား ရှိနှင့် နေပါက "Local" ကိုနှိပ်ပြီး SHSH blobs file ကို စက်ထဲက ရွေးပေးလိုက်ပါ။
- SHSH blobs မသိမ်းထားခဲ့ပါက "Remote" ကို ရွေးချယ်ပါ။

ဘာပဲဖြစ်ဖြစ် "Remote" ကိုသာ ရွေးချယ်ပေးလိုက်ပါ။ (Cydia server မှ SHSH ကိုရယူနေပါပြီ)

အဆင့် ၃)
ဤအဆင့်တွင် Baseband update ! အတွက် သတိပေးလာပါမည်။ Unlockable Baseband သမားများ စဉ်းစားရမည် ဖြစ်ပါသည်။
ဆက်လက် လုပ်ဆောင်ရန် "Yes" ကိုသာ ရွေးချယ်ပါ။

အဆင့် ၄)
Restore စတင် လုပ်နေပါပြီ၊ ထိုစဉ်အတွင်း "APTicket Failure" error တက်လာပြီး Restore လုပ်နေသော iDevice screen မှာလည်း ရပ်တန့် နေပါလိမ့်မည် (အဲဒါ ပုံမှန်မို့  စိတ်ပူရန်မလိုပါ)။
iDevice ကို နောက် တစ်ကြိမ် DFU mode ဝင်လိုက်ပါ။

အဆင့် ၅)
Redsn0w က "IPSW" ကို နှိပ်ပြီး အပေါ်တွင် Download ယူခဲ့သော သက်ဆိုင်ရာ iDevice ၏ IPSW file ကိုပဲ ထပ်မံ ရွေးပေးလိုက်ပါ။
"Prevent baseband update ?" ကို "NO" ရွေးပေးလိုက်ပါ။
ယခု တစ်ကြိမ်မှာတော့ မည်သည့် Error မျှမတက်ပဲ iOS 5.1.1 ကို အောင်မြင်စွာ တစ်ဖန်ပြန်လည် Restore လုပ်နိုင်သွားပါပြီ...




အားလုံးပဲ စိတ်ချမ်းသာ ကြလိမ့်မယ်လို့  မျှော်လင့်မိပါတယ်၊ ဒီသတင်းကို ဝေမျှပေးတဲ့ "ကိုကမ္ဘာဖျာ" ကိုလည်း ကျေးဇူးပါ။ 



Credit to : iDevice

အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်.... 

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like" လုပ်နိုင်ပါတယ်

Credit to မိုးသိကြား

No comments:

Post a Comment